■ နေအိမ်ထဲမှာ တကယ်ပျော်နိုင်ရဲ့လား
နေအိမ်ထဲမှာ တကယ်ပျော်နိုင်ရဲ့လား။ က မ္ဘာကြီးဟာ လှောင်အိမ်ထဲရောက်နေပြီ။ တရားတော်လာ ကမ္ဘာပျက်ကိန်းမဟုတ်နိုင်ဘူးဆိုပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ်ဟာ တုန်လှုပ်ခြောက်ခြားဖွယ်ရာပျံ့နှံ့နေတယ်။ Lockdown လုပ်ခံထားရချိန်မှာ ပျော်ရွှင်မှုရနံ့ကို ဘယ်လိုစုပ်ယူစားသုံးမလဲဆိုတာ ကမ္ဘာလုံးဆိုင်ရာအရေးပေါ်ပြဿနာ ဖြစ်လာပြီ။ မိုဘိုင်းဖုန်းတွေ၊ ဗီဒီယိုကောလ်တွေကနေ ချစ်ရသူတွေဆီ ဆက်သွယ်ရင်း စိတ်ဖြေရတာ ရက်အနည်းကြာလာချိန်မှာ အဆင်မပြေတော့ဘူး။ နေ့စဉ်ပုံမှန်စက်ဝန်းထဲမှာ စိုးရိမ်မှုတွေနဲ့ ဖြတ်သန်းနေရတာပျော်စရာမှမဟုတ်တာ။ မနက်ခင်းဆိုရင် စိုးရိမ်မှုတွေနဲ့ နိုးထလာရတာ၊ နေ့လယ်ခင်းတွေဟာ ပိုပြီးခြောက်သွေ့နေရတာ၊ ညနေခင်းတွေဟာ လွတ်လပ်စွာပျံသန်းခွင့်မရတာ။
မပျော်ရွှင်ခြင်းရာသီခွင်ထဲ အားကစားသမားတွေလည်း နာကျင်စွာဖြတ်သန်းနေရတယ်။ တစ်ကိုယ်ရည်စာအခန်း ကျဉ်းထဲဘယ်အချိန်အထိ နေထိုင်ရမလဲ၊ လူတွေ အများကြီးကြားထဲ ဘယ်အချိန်အေးချမ်းစွာ လမ်း ပြန်လျှောက်ခွင့်ရမလဲ၊ ကိုယ်ရဲ့ပရော်ဖက်ရှင်နယ်ဘဝကို ဘယ်အချိန်မှာ ပြန်လည်စတင်ခွင့်ရမလဲ။ ကစားသမားတွေဟာ သူတို့ရဲ့ဇိမ်ခံနေအိမ်အပြင်ဘက်ထွက်ပြီး ကြမ်းတမ်းတဲ့စိန်ခေါ်မှုကို ပြန်လည်ရင် ဆိုင်ချင်နေပါပြီ။ အောင်ပွဲရတာပဲ ဖြစ်ဖြစ်၊ ရှုံးနိမ့်ရတာပဲဖြစ်ဖြစ်၊ အရသာတစ်ခုခု လိုချင်နေပါလိမ့်မယ်။ ဘယ်လိုအရသာမျိုးပဲဖြစ်ဖြစ် ယှဉ်ပြိုင်ခြင်းဟာ သူတို့ ရွေးချယ်ထားတဲ့ဘ၀ မဟုတ်လား။ နေအိမ်ထဲအလုံ ပိတ်ခံထားရတာဟာ သူတို့ရွေးချယ်ထားတဲ့ဘ၀ မဟုတ်ပါဘူး။
■ (Zawgyi ျဖင့္ ဖတ္ရန္)
■ ေနအိမ္ထဲမွာ တကယ္ေပ်ာ္ႏုိင္ရဲ႕လား
ေနအိမ္ထဲမွာ တကယ္ေပ်ာ္ႏုိင္ရဲ႕လား။ က မၻာႀကီးဟာ ေလွာင္အိမ္ထဲေရာက္ေနၿပီ။ တရားေတာ္လာ ကမၻာပ်က္ကိန္းမဟုတ္ႏုိင္ဘူးဆုိေပမယ့္လည္း ကို႐ိုနာဗုိင္းရပ္စ္ဟာ တုန္လႈပ္ေျခာက္ျခားဖြယ္ရာပ်ံ႕ႏွံ႔ေနတယ္။ Lockdown လုပ္ခံထားရခ်ိန္မွာ ေပ်ာ္ရႊင္မႈရန႔ံကို ဘယ္လုိစုပ္ယူစားသံုးမလဲဆိုတာ ကမၻာလံုးဆုိင္ရာအေရးေပၚျပႆနာ ျဖစ္လာၿပီ။ မိုဘုိင္းဖုန္းေတြ၊ ဗီဒီယိုေကာလ္ေတြကေန ခ်စ္ရသူေတြဆီ ဆက္သြယ္ရင္း စိတ္ေျဖရတာ ရက္အနည္းၾကာလာခ်ိန္မွာ အဆင္မေျပေတာ့ဘူး။ ေန႔စဥ္ပံုမွန္စက္၀န္းထဲမွာ စိုးရိမ္မႈေတြနဲ႔ ျဖတ္သန္းေနရတာေပ်ာ္စရာမွမဟုတ္တာ။ မနက္ခင္းဆိုရင္ စိုးရိမ္မႈေတြနဲ႔ ႏိုးထလာရတာ၊ ေန႔လယ္ခင္းေတြဟာ ပိုၿပီးေျခာက္ေသြ႕ေနရတာ၊ ညေနခင္းေတြဟာ လြတ္လပ္စြာပ်ံသန္းခြင့္မရတာ။
မေပ်ာ္ရႊင္ျခင္းရာသီခြင္ထဲ အားကစားသမားေတြလည္း နာက်င္စြာျဖတ္သန္းေနရတယ္။ တစ္ကိုယ္ရည္စာအခန္း က်ဥ္းထဲဘယ္အခ်ိန္အထိ ေနထုိင္ရမလဲ၊ လူေတြ အမ်ားႀကီးၾကားထဲ ဘယ္အခ်ိန္ေအးခ်မ္းစြာ လမ္း ျပန္ေလွ်ာက္ခြင့္ရမလဲ၊ ကုိယ္ရဲ႕ပေရာ္ဖက္ရွင္နယ္ဘ၀ကို ဘယ္အခ်ိန္မွာ ျပန္လည္စတင္ခြင့္ရမလဲ။ ကစားသမားေတြဟာ သူတုိ႔ရဲ႕ဇိမ္ခံေနအိမ္အျပင္ဘက္ထြက္ၿပီး ၾကမ္းတမ္းတဲ့စိန္ေခၚမႈကို ျပန္လည္ရင္ ဆုိင္ခ်င္ေနပါၿပီ။ ေအာင္ပြဲရတာပဲ ျဖစ္ျဖစ္၊ ႐ႈံးနိမ့္ရတာပဲျဖစ္ျဖစ္၊ အရသာတစ္ခုခု လုိခ်င္ေနပါလိမ့္မယ္။ ဘယ္လုိအရသာမ်ဳိးပဲျဖစ္ျဖစ္ ယွဥ္ၿပိဳင္ျခင္းဟာ သူတုိ႔ ေရြးခ်ယ္ထားတဲ့ဘ၀ မဟုတ္လား။ ေနအိမ္ထဲအလံု ပိတ္ခံထားရတာဟာ သူတုိ႔ေရြးခ်ယ္ထားတဲ့ဘ၀ မဟုတ္ပါဘူး။