ကိုလွှမ်းပိုင်ကိုအနိုင်ကျင့်ပြီး အိမ်သာထဲကို ခေါင်းစိုက်ခိုင်းတဲ့ဇာတ်ဝင်ခန်းမှာ ဟန်ပြလုပ်တာမပီပြင်တာကြောင့် တစ်ကယ်နှစ်ခဲ့ရတယ် ဆိုတဲ့ ကိုယ်စောင့်နတ်ဇာတ်ကားအမှတ်တရများကိုပြောပြတဲ့ ထူးအောင်
သရုပ်ဆောင်ထူးအောင်ကတော့ ကိုယ်စောင့်နတ်ရုပ်ရှင်ဇာတ်ကားမှာ ခပ်ဆိုးဆိုးကျောင်းသား တစ်ဦးအနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး အမှတ်တရဖြစ်ခဲ့တဲ့ဇာတ်ဝင်ခန်းအနေနဲ့ သရုပ်ဆောင်လွှမ်းပိုင်ကို အနိုင်ကျင့်ပြီး အိမ်သာထဲကို ခေါင်းစိုက်ခိုင်းတဲ့အချိန်မှာ ဟန်ပြလုပ်တာ မပီပြင်တာကြောင့် တစ်ကယ်နှစ်ခဲ့ရတယ် လို့ပြီး ဒီကားက ဟာသကားဖြစ်ပေမယ့် အချဉ်မဟုတ်ဘူးလို့ ထူးအောင်ကခုလိုပြောပြပါတယ်။