အမေရိကန်တွင် ဇန်နဝါရီကတည်းက ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပေါ်ခဲ့ပြီး ၎င်းဗိုင်းရပ်စ်ဖြင့်သေခဲ့သူများကို တုပ်ကွေးဖြင့်သေသည်ဟု မှားယွင်းဆုံးဖြတ်ခဲ့ဟုဆို
ကိုရိုနာဗိုင်းရပ်စ်ဟာကယ်လီဖိုးနီးယားပြည်နယ်မှာ ဇန်နဝါရီလကတည်းက ကူးစက်ပျံ့နှံ့နေခဲ့တာဖြစ်ပြီး ထင်ထားတာ ထက် သီတင်းပတ်ပေါင်းများစွာစောပြီးကူးစက်ပြန့်ပွားနေခဲ့တယ်လို့ ဧပြီလ ၂၂ ရက်နေ့မှာ အမေရိကန်ကျန်းမာရေးတာဝန်ရှိသူ က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။