အင်ဒိုနီးရှားနိုင်ငံတွင် မီးတောင်ပေါက်ကွဲမှုကြောင့် ဆူနာမီလှိုင်းများ ဖြစ်ပေါ်ခဲ့၍ လူ(၁၆၀) ကျော်သေဆုံးကာ ရာပေါင်းများစွာ ဒဏ်ရာရရှိ
အင်ဒိုနီးရှားနိုင်ငံရှိ ခရာကာတောင် မီးတောင်ပေါက်ကွဲမှုကြောင့် ဂျာဗားကျွန်းနဲ့ ဆူမားတြားကျွန်းတွေမှာ ဆူနာမီ ဖြစ်ပွားခဲ့တဲ့အတွက် လူ၁၆ဝကျော် သေဆုံးခဲ့ပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။