တောင်ကိုရီးယားတွင် ဖေဖော်ဝါရီလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်ခံရသူ မရှိခဲ့
တောင်ကိုရီးယားနိုင်ငံမှာ ရောဂါကူးစက်မှု အမြင့်ဆုံးကာလကိုရောက်ရှိခဲ့တဲ့ ဖေဖော်ဝါရီလနောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ပြည်တွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်ခံရသူ မတွေ့ရှိခဲ့ဘူးလို့ ကိုရီးယား ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ (KCDC) က ဧပြီလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။