မန္တလေးတိုင်းအတွင်း စက်ရုံအလုပ်ရုံပေါင်း ၈၀၀၀ ကျော်ရှိပြီး လက်ရှိတွင် ရုံပေါင်း ၂၈၀ သာ ပြန်လည်ပတ်နေ
မန္တလေးတိုင်းဒေသကြီးအတွင်း ဧပြီ ၃၀ ရက်နောက်ပိုင်း စက်ရုံအလုပ်ရုံတွေကို စံသတ်မှတ်ချက်၊ လမ်းညွှန်ချက်တွေနဲ့ စိစစ်လည်ပတ်ခွင့်ပြုဖို့ ကျွမ်းကျင်ပူးပေါင်းအဖွဲ့တွေက လိုက်လံစစ်ဆေးနေပြီး လက်ရှိမှာ စက်ရုံ ၂၈၀ သာ ပြန်လည် ဖွင့်လှစ်လည်ပတ်နေတယ်လို့ သိရပါတယ်။