“ဘာကြောင့် မူလတန်းအဆင့် ကလေးငယ်များဖြင့် ကျောင်းစတင်ဖွင့်လှစ်ဖို့စဉ်းစားရသလဲ”
ဦးကိုလေးဦး (ညွှန်ကြားရေးမှူးချုပ်)
အခြေခံပညာဦးစီးဌာန(ပညာရေးဝန်ကြီးဌာန)
အခြေခံပညာကျောင်းများ ဇူလိုင်လဦးပိုင်းမှာ ပြန်လည်ဖွင့်လှစ်ဖို့ ပြင်ဆင်နေပြီး ကျောင်းများစတင်ဖွင့်လှစ်ပါက မူလတန်းအဆင့်မှ စတင်ဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဘာကြောင့် မူလတန်းအဆင့်ကို စတင်ဖို့ ဆောင်ရွက်ရသလဲဆိုတဲ့ အကြောင်းရင်းကို အခြေခံပညာဦးစီးဌာန (ပညာရေးဝန်ကြီးဌာန) ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဦးက မေလ ၁၉ ရက်နေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် စပ်လျဉ်းတဲ့ အပြန်အလှန်ဆွေးနွေးမှုကတစ်ဆင့် ပြောကြားခဲ့တာဖြစ်ပါတယ်။