■ ICU အဆင့်မြှင့်တင်ရေးစီမံချက်အတွက် အမေရိကန်ဒေါ်လာ ၂၅ သန်းနဲ့ ညီမျှတဲ့ ကျပ်ငွေ ၃၇ ဒသမ ၅ ဘီလီယံ သုံးစွဲမှာ ဖြစ်ပါတယ်၊ ပစ္စည်းဝယ်ယူရာမှာ အဂတိလိုက်စားမှု မဖြစ်စေရေး ကြီးကြပ်ဆောင်ရွက်နိုင်ပါရန် တိုက်တွန်းအကြံပြုအပ်ပါတယ်။
ဗိုလ်မှူးဇေဖြိုး (တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
(မေလ ၂၁ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ နိုင်ငံတော်သမ္မတထံက ပေးပို့ထားတဲ့ ကျန်းမာရေးဆိုင်ရာတုံ့ပြန်မှု အရေးပေါ်စီမံချက်အကောင်အထည်ဖော်ရန် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေအဖွဲ့(IDA)ထံမှ အမေရိကန်ဒေါ်လာသန်း ၅၀ ချေးငွေရယူခြင်း နှင့်စပ်လျဉ်းပြီး တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇေဖြိုးရဲ့ ဆွေးနွေးချက်မှ ထုတ်နုတ်တင်ပြထားခြင်းဖြစ်ပါတယ်။ )