Covid-19 ကြောင့် ရုပ်ရှင်ရိုက်ကွင်းတွေ အချိန်အတော်ကြာနားထားရာမှ လက်ရှိတွင် ရိုက်ကွင်းများပြန်စနိုင်ဖို့ လာရောက်စုံစမ်းလာတာတွေရှိပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကလဲ စည်းမျဉ်းစည်းကမ်းတွေ နဲ့အညီရိုက်ကူးဖို့ လာရောက်စာတင်ပါက ကျန်းမာရေးဝန်ကြီးဌာန၊ပြန်ကြားရေးဝန်ကြီး ဌာနများသို့ ရိုက်ကူးခွင့်ပြုမပြု ဆက်သွယ်ပေးသွားမှာဖြစ်ပါတယ် ။ လက်ရှိအချိန်မှာတော့ ရိုက်ကူးခွင့်စာလာတင်တာမရှိသေးပေမယ့် ဇာတ်လမ်းတွဲနဲ့ ကြော်ငြာ ရိုက်ကူးဖို့ လာရောက်စုံစမ်းတာတွေ ရှိတယ်လို့ ရိုက်ကွင်းပြန်စနိုင်မယ့်အခြေအနေတွေ ၊တာဝန်ယူမှုအပိုင်းကြီးမားမယ့်အကြောင်းတွေ နဲ့ပက်သက်ပြီး ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးညီညီထွန်းလွင်ကခုလိုပြောပြခဲ့ပါတယ်။
ရိုက်ကွင်းတွေပြန်စမယ်ဆို စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ရိုက်ရမှာမို့ တစ်ခုခုဖြစ်ရင် ရိုက်မယ့်သူတွေ တာဝန်ခံရမှာပါ ၊ ရုပ်ရှင်အစည်းအရုံးဘက်ကတော့ ရိုက်ချင်လို့စာတင်ရင် သက်ဆိုင်ရာနဲ့ခွင့်ပြု /မပြုကြား ထဲကဆက်သွယ်ပေးသွားမှာပါ (ရုပ်သံ)