၀မ်းက သမီးငယ်လေးအတွက်အချိန်ပြည့်ရှိနေရတော့ သားတွေနဲ့ တခြားကိစ္စတွေအတွက် ကျွန်တော် က အချိန်ပိုပေးရပါတယ်၊သမီးက ရက်သားလေးပဲရှိသေးတော့ ဇနီးသည်ကပိုပင်ပန်းရတယ် - Rဇာနည်
အဆိုတော် Rဇာနည်နဲ့ ဇနီးဝမ်းတို့ကတော့ သူတို့ရဲ့ တတိယမြောက် ရင်သွေးလေးကို မေလ ၁၄ ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပြီး သမီးလေးအတွက်ကို ဇနီးသည်ဖြစ်သူက အနီးကပ်ရှိနေတာကြောင့် ဖခင်ဖြစ်သူက သားတွေအတွက်ကိုအချိန်ပေးနေရတယ်လို့ဆိုပါတယ်။သားတွေကြားကမှ သမီးမိန်း ကလေးရတဲ့ ခံစားချက်နဲ့ ဂရုစိုက်ဖြစ်ပုံတွေကို အဆိုတော် Rဇာနည်ကခုလိုပြောပြခဲ့ပါတယ်။