ဗိုင်းရပ်စ်ကူးစက်မှုနည်းပါးသည့်နိုင်ငံတစ်ချို့မှ ခရီးသွားများအတွက် နယ်စပ်ဒေသများ ပြန်ဖွင့်ပေးရန် ဂျပန်အစိုးရစဉ်းစားနေ (ရုပ်သံ)
ဂျပန်နိုင်ငံမှာ ဗိုင်းရပ်စ်ပျံ့နှံ့တာကို ထိန်းချုပ်ဖို့ အခုနှစ်အစောပိုင်းကချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကို စတင် ဖြေ လျှော့ခဲ့ပြီးနောက် COVID – 19 ကူးစက်မှုပမာဏနည်းပါးတဲ့ သတ်မှတ်ထားတဲ့နိုင်ငံတစ်ချို့က ခရီးသွားတွေအတွက် နယ်စပ် ဒေသတွေကို ပြန်ဖွင့်ပေးဖို့ အစိုးရအဖွဲ့က စဉ်းစားနေတယ်လို့ ဆိုပါတယ်။