ယခုနှစ်တွင် ပြင်သစ်နိုင်ငံ၏ စီးပွားရေး ၁၁ ရာခိုင်နှုန်း ကျုံ့သွားနိုင်ဟု ဘဏ္ဍာရေးဝန်ကြီး ခန့်မှန်း
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် ပြင်သစ်နိုင်ငံရဲ့ စီးပွားရေးဟာ အခုနှစ်အတွင်း ၁၁ ရာခိုင်နှုန်းလောက် ကျုံ့သွားနိုင်ကြောင်းနဲ့ လာမယ့်နှစ်မှာ အခြေအနေတွေ ပြန်မကောင်းမွန်လာခင်အထိ ပိုမိုခက်ခဲတဲ့ ကာလတွေ ရောက်လာနိုင်သေးတယ်လို့ ပြင်သစ် ဘဏ္ဍာရေးဝန်ကြီးက ဇွန်လ ၂ ရက်နေ့မှာ ပြောပါတယ်။