တီယန်မင် အရေးအခင်းနှင့် ပတ်သက်ပြီး ပြန်တောင်းပန်ရန် ထိုင်ဝမ်၏ တောင်းဆိုမှုမှာ အဓိပ္ပာယ်မရှိဟု တရုတ် ပယ်ချ
၁၉၈၉ ခုနှစ်က တီယန်မင်ရင်ပြင်မှာ ဒီမိုကရေစီအရေး ဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့တဲ့ လုပ်ရပ်အတွက် ပြန်တောင်းပန်ဖို့ ထိုင်ဝမ်အစိုးရက တောင်းဆိုမှုဟာ လုံးဝအဓိပ္ပာယ်မရှိဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၃ ရက်နေ့မှာ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။