Social distancing စီမံချက်အားလုံးကို လာမည့်သီတင်းပတ်တွင် ရုတ်သိမ်းနိုင်ဖွယ်ရှိဟု နယူးဇီလန်ဝန်ကြီးချုပ်ဆို
နယူးဇီလန်နိုင်ငံကို ပုံမှန်အတိုင်းပြန်ဖြစ်စေမယ့် social distancing စီမံချက်အားလုံး ရုတ်သိမ်းမှုကို အစောဆုံးအနေနဲ့ လာမယ့်သီတင်းပတ်လောက်မှာ ပြုလုပ်နိုင်ဖွယ် ရှိတယ်လို့ ဝန်ကြီးချုပ် ဂျာဆင်ဒါအာဒန်းက ဇွန်လ ၃ ရက်နေ့မှာ ပြောပါတယ်။