မန္တလေးမြို့တွင် စကားထိုင်ပြောနေသူနှစ်ဦးအား လူငယ်တစ်စုက အုပ်စုဖွဲ့ဓားဖြင့်ထိုးလုယက်မှုကြောင့် ရတနာပုံ တက္ကသိုလ် ကျောင်းသားတစ်ဦးသေဆုံး
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဂန္ဓာရုံ ကျောင်းရှေ့၊ ကန်ပတ်လမ်းဘေးရှိ အုတ်ခုံမှာ စကားထိုင် ပြောနေသူနှစ်ဦးကို အကူညီတောင်းချင်ဟန်ဆောင်ပြီး လူငယ်တစ်စုက အုပ်စုဖွဲ့ဓားဖြင့်ထိုး လုယက်မှုကြောင့် ရတနာပုံ တက္ကသိုလ်ကျောင်းသားတစ်ဦးသေဆုံးမှု ဒီဇင်ဘာလ ၂၅ရက်က ဖြစ်ပွားခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရ ပါတယ်။