Lockdown အစီအမံများကို ရုတ်သိမ်းခဲ့ပြီးနောက် မော်စကိုမြို့တွင် ပုံမှန်သွားလာ လှုပ်ရှားမှုများကို စတင်မြင်တွေ့ရ
ရုရှားနိုင်ငံ မော်စကိုမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်ဖို့အတွက် နှစ်လကျော်ကြာချမှတ်ခဲ့တဲ့ lockdown အစီအမံတွေကို ရုတ်သိမ်းခဲ့ပြီးနောက် ဇွန်လ ၉ ရက်က မော်စကိုမြို့ခံတွေဟာ သူတို့ရဲ့ ပုံမှန်သွားလာလှုပ်ရှားမှုတွေကို စတင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။