ဟောင်ကောင်သည် အဓိကရုဏ်းအခြေအနေများကို ခံနိုင်စွမ်းရှိတော့မည်မဟုတ်ဟု အုပ်ချုပ်ရေးမှူး ကာရီလမ် ပြော
ဟောင်ကောင်ဒေသမှာ အကြီးစားဆန္ဒပြပွဲတွေ စတင်ဖြစ်ပွားမှု တစ်နှစ်ပြည့်မြောက်တဲ့နေ့မှာပဲ ဟောင်ကောင်ဟာ နောက်ထပ် အဓိကရုဏ်းအခြေအနေတွေကို ခံနိုင်စွမ်းရှိတော့မှာမဟုတ်ဘူးလို့ အုပ်ချုပ်ရေးမှူးကာရီလမ်က ဇွန်လ ၉ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။