ထိုင်းတွင် ၁၆ ရက်ဆက်တိုက် ပြည်တွင်းကူးစက်မှုမတွေ့ရှိခဲ့သည့်နောက် ကန့်သတ်ပိတ်ပင်မှုများကို ထပ်မံဖြေလျှော့ပေးရန် အစိုးရစဉ်းစားနေ
ထိုင်းနိုင်ငံမှာ ၁၆ ရက်ဆက်တိုက် ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်သူမတွေ့ရှိခဲ့တဲ့နောက် ဇွန်လ ၁၅ ရက်နေ့ကစပြီး စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်တာကို ထပ်မံခွင့်ပြုပေးဖို့ ထိုင်းအစိုးရက စဉ်းစားနေတယ်လို့ သိရပါတယ်။