လစ်ဗျားနိုင်ငံခြားရေး ဝန်ကြီးဌာနကို အသေခံတိုက်ခိုက်ရေးသမားများက စီးနင်းတိုက်ခိုက်မှုကြောင့် သုံးဦးထက်မနည်းသေဆုံးခဲ့ပြီး အိုင်အက်စ်အဖွဲ့က ၎င်းတို့လက်ချက်ဟု ထုတ်ဖော်ပြောဆိုထား
လစ်ဗျားနိုင်ငံရဲ့မြို့တော် ထရီပိုလီရှိ နိုင်ငံခြားရေးဝန်ကြီးဌာန အဆောက်အအုံကို အသေခံတိုက်ခိုက်ရေး သမားတွေက စီးနင်းတိုက်ခိုက်ခဲ့တာကြောင့် အကြီးတန်း အစိုးရဝန်ထမ်းတစ်ဦး အပါအဝင် သုံးဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။