တရုတ်တွင် ဧပြီလနောက်ပိုင်း နေ့စဉ်ကူးစက်မှုဖြစ်စဉ်သစ်အများဆုံးအဖြစ် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၇ ဦး ရှိလာ
တရုတ်မှာ ဧပြီလနောက်ပိုင်း နေ့စဉ်ကူးစက်မှုဖြစ်စဉ်သစ်အများဆုံးအဖြစ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ် ၅၇ ခုရှိခဲ့ တယ်လို့ ဇွန်လ ၁၄ ရက်နေ့မှာ တရုတ်က သတင်းထုတ်ပြန်ခဲ့တာကြောင့် ကပ်ရောဂါတကျော့ပြန် ခေါင်းထောင်လာမှာကို စိုးရိမ် မှုတွေ မြင့်တက်လာခဲ့ပါတယ်။