ခင်ဦးမြို့နယ် ပြည်သူ့ဆေးရုံ၌ တိုးချဲ့နှစ်ထပ်လူနာဆောင် ဆောက်လုပ်နေမှုအပေါ် Third Party ဖြင့် ထပ်မံစစ်ဆေးမည် (ရုပ်သံ)
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ပြည်သူ့ဆေးရုံ မှာ တိုးချဲ့ နှစ်ထပ်လူနာဆောင် ဆောက်လုပ်နေမှုနဲ့ ပတ်သက်ပြီး မြို့နယ်အရည်အသွေးစစ်ဆေးရေးအဖွဲ့က အရည်အသွေးပိုင်းဆိုင်ရာတွေမှာ ပြင်ဆင်ပေးရန် မှတ်ချက်ပေးထားတဲ့ လုပ်ငန်းတွေကို Third Party နဲ့ ထပ်မံစစ်ဆေးသွားမှာဖြစ်တယ်လို့ အဆိုပါ မြို့နယ်အရည်အသွေးစစ်ဆေးရေးအဖွဲ့ထံကနေ စုံစမ်းသိရပါတယ်။