မျိုးဆက်သစ်များအား နေရာပေးချင်သည့်အတွက် ရွေးကောက်ပွဲပြန်လည် ယှဉ်ပြိုင်ခြင်းမပြုတော့ဟု မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌပြောကြား
အသက်ငယ်ရွယ်ပြီး လုပ်ရည်ကိုင်ရည်ရှိတဲ့ မျိုးဆက်သစ်လူငယ်တွေကို နေရာပေးချင်တဲ့အတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ပြီး ထပ်မံယှဉ်ပြိုင်မှာ မဟုတ်တော့ဘူးလို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောပါတယ်။