ဧရာဝတီတိုင်းအစိုးရအဖွဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်အောက်သို့ ရောက်ရှိနေသလားဟု လွှတ်တော်ကိုယ်စားလှယ်ဝေဖန် (ရုပ်သံ)
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်အောက်ကို ရောက်ရှိနေသလားဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဝါးခယ်မမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းက ဝေဖန်ပြောကြားခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်အတွင်း သက်သေများနဲ့တကွ တင်ပြခွင့်ပြုရန် တောင်းဆိုမှုကို လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ခိုင်မှ တားမြစ်ခဲ့တယ်လို့သိရပါတယ်။