တောင်ကိုရီးယား ဆန့်ကျင်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပြီး လက်တုံ့ပြန်ရန် မြောက်ကိုရီးယား ပြင်ဆင်
တောင်ကိုရီးယားအစိုးရနဲ့ မြောက်ကိုရီးယား ပြည်ပြေးတွေကို ရှုတ်ချထားတဲ့ ဝါဒဖြန့် လက်ကမ်းစာစောင်တွေကို ပြန်လည်ပေးပို့ပြီး လက်တုံ့ပြန်သွားမယ့် အစီအစဉ်ကို မြောက်ကိုရီးယားဘက်က အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ နိုင်ငံပိုင် KCNA သတင်းဌာနက ဇွန်လ ၂၀ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။