မိတ္ထီလာမြို့၊ ဝန်ဇင်းရပ်ကွက်၊ စည်းခုံကြီးကန်ဘောင်တွင် အလှစိုက်ထားသော ပန်းအိုး (၃၉) လုံးရိုက်ခွဲ ဖျက်ဆီးခံရ (ရုပ်သံ)
မိတ္ထီလာမြို့၊ ဝန်ဇင်းရပ်ကွက်၊ စည်းခုံကြီးကန်ဘောင်မှာ မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မျက်စိပသာဒဖြစ် စေဖို့နဲ့အရိပ်ရစေဖို့ အလှစိုက်ပန်းအိုး (၁၇၅) အိုး စိုက်ပျိုးထားတဲ့အနက် ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ပန်းအိုး(၃၉)လုံး ရိုက်ခွဲ တွန်းချ ဖျက်ဆီးခံခဲ့ရတယ်လို့ မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံကနေ သိရပါတယ်။