ထိုင်းမှ နေရပ်ပြန်မည့် အထောက်အထားမပြည့်စုံသော မြန်မာလုပ်သားများကို ထိုင်းဘက်၌ ငွေတောင်းခံမှုများရှိပြီး မပေးနိုင်သဖြင့် အချုပ်ကျခံရမှုများရှိနေ
Covid - 19 ကာလအတွင်း နေရပ်မြန်မာနိုင်ငံကိုပြန်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေအနက် အထောက်အထား မပြည့်စုံ သူတွေကို (အမှတ် ၂ ချစ်ကြည်ရေးတံတား) ထိုင်းဘက်ခြမ်းမှာ ငွေကြေးတောင်းခံမှုတွေရှိနေပြီး မပေးနိုင်တဲ့အတွက် အချုပ်ကျ ခံရသူ အများအပြားရှိနေတယ်လို့ နေရပ်ပြန်လာသူတွေထံက သိရပါတယ်။