ဖားကန့်တွင် မြေပြိုမှုကြောင့် သုံးဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရပြီး ပျောက်ဆုံးသူများလည်းရှိကြောင်းသိရ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာနှင့် ဘွမ်နန်ကျေးရွာကြားရှိ ရတနာအဓိပတိ ကုမ္ပဏီလုပ်ကွက်ကျင်း ပြို့ကျခဲ့ရာမှ သုံးဦးသေဆုံးခဲ့ပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့တဲ့အပြင် ပျောက်ဆုံးသူတစ်ချို့လည်း ရှိတာကြောင့် ရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။