နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဒုညွှန်ချုပ်အား ညွှန်ချုပ်အဖြစ် ရာထူးတိုးမြှင့်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတွင် ညွှန်ချုပ်သုံးဦး ရှိလာ
နိုင်ငံတော်သမ္မတသည် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်လွင်အား ယင်းရုံး၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်ကြောင်း မြန်မာနိုင်ငံ ပြန်တမ်းမှာ ဖော်ပြခဲ့ပါတယ်။