ကျန်းမာရေးကဏ္ဍအတွက် နိုင်ငံတကာမှ အကူအညီရငွေနှင့်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကျော် သုံးစွဲမှု အလေ့အလွင့်မဖြစ်ရန် ဗဟိုအဆင့်အဖွဲ့ ဖွဲ့ကာ ကြီးကြပ်မည်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကမ္ဘာ့ဘဏ်အပါအဝင် နိုင်ငံတကာမှ အကူအညီရငွေ အမေရိကန်ဒေါ်လာ ၄၇ သန်းကျော်၊ ချေးငွေ အမေရိကန်ဒေါ်လာ ၂၀၄ သန်း ကျော် စုစုပေါင်း သန်း ၂၅၀ ကျော်ကို သုံးစွဲရာမှာ အလေအလွင့် အနည်းဆုံးဖြစ်စေဖို့ ကြီးကြပ်ဗဟိုအဆင့် အဆင့်မြင့်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဆောင်ရွက်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကပြောပါတယ်။