အီတလီတွင် အတ်တနာမီးတောင်ပေါက်ကွဲမှုဖြစ်ပြီးနောက် ပြင်းအား ၄.၈ အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့ပြီး အဆောက်အအုံဟောင်းများ ပျက်စီး
အီတလီနိုင်ငံမှာ အတ်တနာမီးတောင် ပေါက်ကွဲမှုဖြစ်ပြီးနောက် ဒီဇင်ဘာ ၂၆ ရက် အစောပိုင်းမှာ အဲ့ဒီ မီး တောင်တည်ရှိရာဒေသအနီး ပြင်းအား မဂ္ဂနီကျု ၄.၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် သက်တမ်း ကြာပြီဖြစ်တဲ့ အဆောက်အအုံများပျက်စီးခဲ့ပြီး ပင်လယ်တစ်လျှောက်ဖောက်လုပ်ထားတဲ့ အမြန်လမ်းရဲ့ လမ်း ပိုင်းတစ်ခုကို ပိတ် ပစ်ခဲ့ရတယ်လို့ အီတလီအရပ်ဖက်ကာကွယ်ရေးအာဏာပိုင်တွေက ပြောကြားပါတယ်။