ပြင်းထန်တဲ့ ရာသီဥတုအခြေအနေကြောင့် အခုလအတွင်း နိုင်ငံရဲ့ ဒေသအများအပြားမှာ ရေကြီးမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် လာမယ့် ရက်အနည်းငယ်အတွင်းမှာ မိုးကြီးနိုင်တာကြောင့် ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ထားကြဖို့ တရုတ်အစိုးရက နောက်ထပ်ပြည်နယ် တစ်ဒါဇင်ကျော်လောက်ကို တိုက်တွန်း ပြောကြားလိုက်တယ်လို့ သိရပါတယ်။