သရုပ်ဆောင်များစွာ ပါဝင်ပြီး “Jin Party” လို့အမည်ပေးထားတဲ့ ဟာသရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေးခြင်းကို ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး ဒီဇာတ်ကားဟာ ဟာသကားဆိုရင် ပေါချောင်ကောင်းလို့ ထင်မြင်ယူဆနေကြတာတွေကို တွန်းလှန်သွားမယ့် ဇာတ်ကားဖြစ်တယ်လို့ ဒါရိုက်တာ ရာဇဝင်ကိုက ဆိုပါတယ်။ ဒီဇာတ်ကားမှာတော့ သရုပ်ဆောင် ရန်အောင်၊ လူမင်း၊ မင်းမော်ကွန်း၊ ရဲရင့်အောင်၊ ထူးအောင်၊ အိန္ဒြာကျော်ဇင်၊ ယဉ်လတ်၊ ရွှေအိမ်စည်နဲ့ Bella တို့ကနေ အဓိက ပါဝင်သရုပ်ဆောင် သွားမှာဖြစ်ကာ ဇာတ်ကားနဲ့ပက်သက်တဲ့ အကြောင်းတွေကို အနုပညာရှင်များက အခုလို ပြောပြခဲ့ကြပါတယ်။