နိုင်ငံကျန်းမာရေးမကောင်းတဲ့ထဲ ကျွန်တော်တို့က ရိုက်ချင်တယ် တကဲကဲတော့မဟုတ်ပါဘူး၊ ကျန်းမာရေး ကနံပါတ်၁ပဲမို့ ဘယ်လိုဆောင်ရန်ရှောင်ရန်တွေနဲ့ လုပ်ငန်းပြန်လည်ပတ်လို့ရမလဲဆိုတာ နည်းရှာကြတာပါ - လူမင်း (ရုပ်သံ)
နိုင်ငံရဲ့ ကဏ္ဍအသီးသီးမှာ လုပ်ငန်းတွေ ပုံမှန်ပြန်လည်ပတ်ဖို့ကြိုးစားနေကြချိန်မှာ အနုပညာလောကသားများကလဲ ရိုက်ကူး ရေးလုပ်ငန်းများ အမြန်ဆုံးပြန်လည်စတင်နိုင်ဖို့ ခွင့်ပြုချက်ရရန် ကြိုးပမ်းနေကြပြီး ရုပ်ရှင်သမားတွေရဲ့ မူလအခြေအနေပြန် ရောက်အောင် ဘယ်လိုပြန်လုပ်ဖို့ ရှိမလဲဆိုတာတွေနဲ့ ရိုက်ကူးရေးလုပ်ခွင့်တင်ထားတဲ့သူတွေအချင်းချင်း ဆွေးနွေးမှု အမြင်တွေအကြောင်းကို အကယ်ဒမီလူမင်းက ခုလိုပြောပြခဲ့ပါတယ်။