ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ယခုနှစ်ကုန်ပိုင်းလောက်တွင် ရနိုင်မည်ဟု အမေရိကန် အမျိုးသားကျန်းမာရေးသိပ္ပံ ညွှန်ကြားရေးမှူး ပြောကြား
ထရန့်အစိုးရရဲ့ ကာကွယ်ဆေး အရှိန်မြှင့်ရှာဖွေမှုအစီအစဉ်ဖြစ်တဲ့ Operation Warp Speed ဟာ အခုနှစ်ကုန်ပိုင်းလောက်မှာ ထိရောက်၊ စိတ်ချရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ထွက်ပေါ်လာစေမှာ ဖြစ်တယ်လို့ အမေရိကန် အမျိုးသားကျန်းမာရေးသိပ္ပံ ညွှန်ကြားရေးမှူး ဒေါက်တာ ဖရန့်ဆစ်ကောလင်းက ဇူလိုင် ၂ ရက်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။