နှစ်စဉ်ဝေဖန်မှုများ ထွက်ပေါ်လေ့ရှိသည့် ရွှေစက်တော်ဘုုရားပွဲကာလအတွင်း တည်းခိုဆောင်ခ အဆမတန်စျေးကြီးမြင့်မှု၊ မိလ္လာကန်များကို မန်းချောင်းသောင်ခုုံပေါ်၌ ထားရှိမှုများနှင့်ပတ်သက်၍ စနစ်တကျ ကိုုင်တွယ်သွားမည်ဟုုဆို
နှစ်စဉ်တိုင်းဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေတဲ့ ရွှေစက်တော်ဘုုရားပွဲတော်အတွင်း တဲကျောင်း (တည်းခိုဆောင်)ခ အဆမတန် စျေးကြီးမြင့်မှုနဲ့ မိလ္လာကန်တွေကို မန်းချောင်းသောင်ခုံပေါ်မှာ ထားရှိတာတွေနဲ့ ပတ်သက်ပြီး စနစ်တကျ ကိုုင်တွယ်သွားမှာဖြစ်တယ်လို့ မကွေးတိုုင်းဒေသကြီးအစိုုးရအဖွဲ့ဝန်ကြီးတွေက ပြောကြားခဲ့ပါတယ်။