“အဆိုနဲ့ပတ်သက်တဲ့ တိုက်ရိုက်ဆွေးနွေးချက်ကိုပဲ လိုလားပါတယ်။ ဥပဒေမှာလည်း အဲ့လိုပဲပြဋ္ဌာန်းထားပါတယ်။ မဆိုင်တဲ့ကိစ္စတွေ၊ ပြီးပြတ်ပြီးသားကိစ္စတွေ မပြောဖို့ မေတ္တာရပ်ခံပါတယ်”

“အဆိုနဲ့ပတ်သက်တဲ့ တိုက်ရိုက်ဆွေးနွေးချက်ကိုပဲ လိုလားပါတယ်။ ဥပဒေမှာလည်း အဲ့လိုပဲပြဋ္ဌာန်းထားပါတယ်။ မဆိုင်တဲ့ကိစ္စတွေ၊ ပြီးပြတ်ပြီးသားကိစ္စတွေ မပြောဖို့ မေတ္တာရပ်ခံပါတယ်”
Published 15 July 2020

ဦးတီခွန်မြတ် (ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ)

“အခုဟာက လွှတ်တော်တွင်းဒီမိုကရေစီကို ပြောတာပါ၊ ဒီမှာစာအုပ်ရှိတယ်. က၊ ခ၊ ဃ ၊ င၊ ဇ အရ ဘယ်အချက်နဲ့ ငြိလည်းဆိုတာ ဥက္ကဋ္ဌကြီး ရှင်းနိုင်ပါက ရှင်းပေးပါ”

ဦးမောင်မြင့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

မင်းကင်းမဲဆန္ဒနယ်

ဇူလိုင်လ ၁၄ ရက်နေ့မှာ ပြန်လည်စတင်ခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဦးဉာဏ်လင်း၊ ရွှေပြည်သာ မဲဆန္ဒနယ်က တင်သွင်းသည့် “နိုင်ငံတော်၏ မျိုးဆက်သစ်လူငယ်များအား ဒီမိုကရေစီ အလေ့အကျင့်ကောင်းများ ခိုင်မြဲစွာ ရရှိစေရန်နှင့် ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်၏ အခြေခံနှင့် အဆင့်မြင့်ပညာရေးကျောင်းများတွင် အခြေခံအသင်းအဖွဲ့များ သတ်မှတ်ဖွဲ့စည်း၍ အသင်းအဖွဲ့လိုက် အတန်း ကိုယ်စားလှယ်များ၊ ကျောင်းကိုယ်စားလှယ်များမှသည် ကျောင်းကောင်စီအထိ ဒီမိုကရေစီနည်းကျ အဆင့်ဆင့်ရွေးချယ်ဖွဲ့စည်း၍ ကိုယ်တိုင်ပါဝင်ဆောင်ရွက်သည့် စနစ်တစ်ရပ်ကို ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှစ၍ အကောင်အထည်ဖော် စီမံဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း” အဆိုအပေါ် ဆွေးနွေးရာမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့ အပြန်အလှန် ပြောကြားမှုထဲက ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါတယ်။

Most Viewed

Most Recent