မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက် ပြန့်ပွားစေရန် တိုင်းရင်းဆေးတက္ကသိုလ်များတွင် သင်ရိုးညွှန်းတမ်းများ ပြန်လည်ရေးဆွဲနေဟု ဒုသမ္မတပြောကြား
မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက် ပြန့်ပွားစေရန်အတွက် တိုင်းရင်းဆေးတက္ကသိုလ်များမှာ သင်ရိုးညွှန်းတမ်းတွေ ပြန်လည်ရေးဆွဲခြင်းလုပ်ငန်းကို ဆောင်ရွက်နေတယ်လို့ ဒီဇင်ဘာ ၂၈ ရက်က နေပြည်တော်ရှိ MICC-2 မှာ ကျင်းပတဲ့ ၁၉ ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံမှာ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။