“နိုင်ငံ အကြွေးနွံနစ်ခဲ့ရင် ဘယ်လို ဥပဒေတွေ ကုစားမှုတွေနဲ့ တောင့်ခံထားမလဲဆိုတာ ကျွန်တော်တို့ လွှတ်တော်အပိုင်းက စောင့်ကြည့်ထိန်းညှိပေးဖို့လိုပါတယ်”
■ ဗိုလ်မှူးဝင်းမင်းသန့် (တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်)
ဇူလိုင်လ၁၇ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၇ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့မှာ COVID -19 ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (COVID – 19 Economic Relief Plan CERP) နှင့် စပ်လျဉ်း၍ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဝင်းမင်းသန့်၏ ဆွေးနွေးချက်များမှ ထုတ်နုတ်ဖော်ပြထားခြင်း ဖြစ်ပါသည်