ဇာတ်ပွဲတွေ ကရတဲ့အချိန်မှာ Covid-19 စဖြစ်တော့ ရေသောက်မြစ်ဖြတ်လိုက်သလိုဖြစ်သွားတယ် ၊ သဘင် လောက ပြန်ရပ်တည်ဖို့ လုပ်ပေးနိုင်တဲ့အား ကျွန်တော့မှာ မရှိနိုင်တော့ဘူးဆို ဒီနေရာမှာ ဆက်မလုပ်ဖို့ အတွေးတွေတောင်ဝင်လာမိတယ် (ရုပ်သံ)
လက်ရှိ Covid-19 ကာလမှာ သဘင်လောကသားအများစု စီးပွားရေးအဆင်မပြေမှုတွေများစွာဖြစ်ပွားနေပြီး ပန်းရံလုပ်သူ ၊ ကြီးကြီးမားမားမဟုတ်တဲ့ ဈေးရောင်းတာတွေတောင်လုပ်နေကြရပြီလို့ ဆိုကာ ရှေ့မှာသဘင်သည်တွေကို ကူညီထောက်ပံ့ပေးတာတွေရှိပေမယ့် လူခြောက်ထောင် လောက် ထပ်လှူဒါန်းဖို့လဲကျန်သေးတယ်လို့ ကူညီမှုများပြုလုပ်ဖို့ကြိုးစားနေမှုတွေကို မြန်မာနိုင်ငံသဘင်အစည်းအရုံး ဗဟိုဥက္ကဌ ဦးဖိုးချစ်က ခုလိုပြောပြခဲ့ပါတယ်။