သြစတြေးလျနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့မဲလ်ဘုန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေမြင့်တက်လာတာကြောင့် နှာခေါင်းစည်းမဖြစ်မနေဝတ်ဖို့ ညွန်ကြား ချက် ထုတ်လိုက်ပါတယ်။ ဒါ့ကြောင့် မဲလ်ဘုန်းဟာသြစတြေးလျမှာ mask မဖြစ်မနေဝတ်ခိုင်းတဲ့ ပထမဆုံးမြို့ဖြစ်လာပါတယ်။