အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီရိုနှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့ ဘရာဇီးလ်၌ တွေ့ဆုံမည်
လာမယ့် သီတင်းပတ်အတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီရိုနဲ့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုတို့ဟာ ဘရာဇီးလ်နိုင်ငံမှာ တွေ့ဆုံသွားမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။