သရုပ်ဆောင် ကျော်ကျော်နဲ့စိုးပြည့်သဇင်တို့ကတော့ “လူးလူးစိန်” ဇာတ်လမ်းတွဲထဲမှာ နှစ်ယောက်စလုံးအတွက် မလုပ်ဖူးတဲ့ကာရိုက်တာတွေနဲ့ပရိသတ်သဘောကျရလောက်အောင် သရုပ်ဆောင်ထားကြတဲ့အကြောင်းပြောလာရင်း ဇာတ်ဝင်ခန်း တစ်ခုရိုက်နေရင်းနဲ့လည်း စိုးပြည့်ရဲ့ ရိုက်ချက်စွမ်းရည်တွေကို ခံစားခဲ့ဖူးတဲ့ကျော်ကျော်က “စိုးပြည့်သဇင်ကို မေတ္တာရှိနေတဲ့ သူရှိရင် ဆယ်ပေအကွာက စကားပြောကြပါ”လို့ဆိုခဲ့ပါတယ်။ ဒါ့အပြင် ဇာတ်လမ်းတွဲအတွက် ရိုက်ကူးရေးလုပ်ချိန်ကလည်း ကြာမြင့်တာကြောင့် သရုပ်ဆောင်မှုအလွဲလေးတွေနဲ့ရိုက်ကွင်းနောက်ကွယ်က အမှတ်တရတွေကို အခုလိုပဲပြောပြခဲ့ပါတယ်။
“စိုးပြည့်သဇင်ကို မေတ္တာရှိနေတဲ့သူရှိရင် ဆယ်ပေအကွာက စကားပြောကြပါ”ဆိုပြီး ညီမလေးရဲ့လက်သံကို ကိုယ်တိုင်ခံစားခဲ့ရဖူးတဲ့အကြောင်းပြောလာတဲ့ ကိုကြီး ကျော်ကျော် (ရုပ်သံ)