သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေ့အလိုက် သေဆုံးသူဦးရေ စံချိန်တင်ခဲ့ (ရုပ်သံ)
သြစတြေးလျနိုင်ငံရဲ့ ဒုတိယ လူဦးရေအများဆုံး ဗစ်တိုးရီးယား ပြည်နယ်မှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၆ဦးသေဆုံးခဲ့ပြီး ဒါဟာ ကပ်ရောဂါ စတင်ဖြစ်ပွားပြီးနောက်ပိုင်း တစ်ရက်အတွင်း အများဆုံးလူသေဆုံးမှု ဖြစ်တယ်လို့ သိရပါတယ်။