Red Bull အားဖြည့်အချိုရည်လုပ်ငန်း၏ အမွေခံအပေါ် ယာဉ်တိုက်မှုစွဲချက်ရုပ်သိမ်းလိုက်မှုကို ထိုင်းရဲတပ်ဖွဲ့ပြန်စစ်ဆေးမည်

Red Bull အားဖြည့်အချိုရည်လုပ်ငန်း၏ အမွေခံအပေါ် ယာဉ်တိုက်မှုစွဲချက်ရုပ်သိမ်းလိုက်မှုကို ထိုင်းရဲတပ်ဖွဲ့ပြန်စစ်ဆေးမည်
Published 28 July 2020

၂၀၁၂ ခုနှစ်မှာ ထိုင်းရဲတစ်ဦးကို ကားနဲ့တိုက်သတ်မိပြီးမောင်းပြေးသွားမှုနဲ့ Red Bull အားဖြည့်အချိုရည် လုပ်ငန်း အမွေဆက်ဆံသူ ဗိုရာယု အပေါ်စွဲထားတဲ့အမှု ဘာလို့ရုပ်သိမ်းလိုက်တယ်ဆိုတာ ပြန်စစ်ဆေးမယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဇူလိုင်လ ၂၇ ရက်မှာ ပြောပါတယ်။