ပေါက်ကရတွေလုပ်ပြီး အနုပညာလို့ခေါင်းစဉ်တပ်လိုက်တာကြောင့်အောင်မြင်တယ်ပဲထားဦး၊ အချိန်တန်ရင်တော့ ရေရှည်ဆက်သွားဖို့ပညာလိုလာပြီ - ကျော်ကျော် (ရုပ်သံ)
အနုပညာလောကဆိုတာက ပင်လယ်ရေလိုဖြစ်နေတဲ့အတွက် ဘယ်သူမဆိုသောက်သုံးလို့ရပေမယ့် ဘယ်နေရာကနေ ဘယ်လိုပုံစံနဲ့စီးဝင်လာလာ အောင်မြင်ဖို့ အရမ်းခက်ခဲသလို အောင်မြင်သွားတဲ့သူဆိုရင်လည်း အသိအမှတ်ပြုပေးရမယ်လို့ဆိုပါတယ်။ ဒါပေမယ့် တကယ့်အနုပညာရှင်ဖြစ်ဖို့ဆိုရင်တော့ အဲ့ဒါနဲ့တင်မလုံလောက်တော့သလို အခုဆိုရင် အနုပညာလောကထဲမှာ အနုပညာရှင် နဲ့ဆယ်လီတွေ ရောထွေးသလို ဖြစ်နေတာမျိုးနဲ့ပတ်သက်လို့သရုပ်ဆောင် ကျော်ကျော်က သူ့အမြင်ကို အခုလိုပဲပြောပါတယ်။