မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် 1MDB ရန်ပုံငွေအလွဲသုံးစားလုပ်မှု စွဲချက် ခုနှစ်ခုစလုံးဖြင့် အပြစ်ရှိဟု အမိန့်ချ (ရုပ်သံ)
မလေးရှားနိုင်ငံပိုင်ရန်ပုံငွေကုမ္ပဏီ 1MDB ကနေ ရင်းဂစ်သန်းနဲ့ချီအခိုးခံရမှုကိုစစ်ဆေးနေတဲ့ အဂတိလိုက်စားမှုဆိုင်ရာ ပထမမြောက်ရုံးတင်စစ်ဆေးမှုမှာ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်က အစွဲခံထားရတဲ့စွဲချက် ၇ခုစလုံးနဲ့ပြစ်မှုထင်ရှားတယ်လို့ တရားရုံးချုပ်က ဇူလိုင်လ ၂၈ ရက်မှာ အမိန့်ချလိုက်ပါတယ်။