ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ဗုံးခွဲတိုက်ခိုက်မှုများနှင့် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှုများအား ဝန်ကြီးချုပ် ပရာယွတ် ပြစ်တင်ရှုတ်ချ
မွတ်စလင်အများစုနေထိုင်တဲ့ ထိုင်းနိုင်ငံတောင်ဖျားပိုင်းမှာ နှစ်သစ်ကူးအားလပ်ရက် အကြိုကာလအတွင်း သူပုန်တွေရဲ့ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး တိုက်ခိုက်မှု ကျူးလွန်သူတွေကိုအခွင့်အရေးသမားတွေလို့ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ရှုတ်ချပြောဆိုခဲ့ပါတယ်။