တူရကီ၏ အန ္တရာယ်ကိုကာကွယ်ပေးရန် ကာ့ဒ်လက်နက်ကိုင်အဖွဲ့မှ တောင်းဆိုခဲ့ပြီးနောက် မန်ဘစ်မြို့အနီး၌ ဆီးရီးယားတပ်များတပ်ဖြန့်ထား
YPG ကာ့ဒ်လက်နက်ကိုင်အဖွဲ့ကနိုင်ငံမြောက်ပိုင်းရှိ မန်ဘစ်မြို့ကိုတူရကီရဲ့ ထိုးစစ်အန ္တရာယ်ကနေ ကာကွယ် ပေးဖို့ဆီးရီးယားအစိုးရကိုတောင်းဆိုခဲ့ပြီးနောက်မှာ ဆီးရီးယားစစ်တပ်က အဲဒီမြို့အနီးမှာတပ်ဖြန့်မှုတွေ ပြုလုပ်ထားတယ်လို့ စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့နဲ့ အမေရိကန်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။