COVID – 19 ရောဂါသက်သာသူများ၏ သွေးရည်ကြည်ဖြင့် ကုသမှုမှာ ထိရောက်သဖြင့် ကုသရေးလမ်းညွှန်မှုများကို သုံးသပ်ပြင်ဆင်မည်ဟု ဆို
COVID - 19 လူနာတွေကို ကုသမှုပေးရာမှာ ရောဂါသက်သာသွားသူတွေရဲ့ သွေးရည်ကြည်အသုံးပြုပြီးကုသခဲ့ရာ ထိ ရောက်မှုရှိတာကြောင့် ကုသရေးစီမံခန့်ခွဲမှုလုပ်ငန်းလမ်းညွှန်တွေကို ရောဂါအခြေအနေပြောင်းလဲမှုပေါ် မူတည်ပြီး သုံးသပ်ပြင် ဆင်မယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့တဲ့ ‘COVID-19 ကပ်ရောဂါကာကွယ်ထိန်းချုပ်ခြင်းနှင့် လက်ရှိအခြေအနေအား ယေဘုယျ ခြုံငုံသုံးသပ်ချက်အကျဉ်းချုပ်’ မှာ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောကြားခဲ့ပါ တယ်။