ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်နေသဖြင့် ဖိလစ်ပိုင်က ဗိုင်းရပ်စ်ထိန်းချုပ်မှုအစီအမံများကို သြဂုတ် ၁၈ ရက် အထိ ထပ်မံ ချမှတ်
ဖိလစ်ပိုင်ဟာ ကူးစက်ခံရသူ ၁၀၀၀၀၀ ကျော်အထိ ခုန်တက်သွားခဲ့တဲ့ ကိုရိုနာကူးစက်ရောဂါကို ထိန်းချုပ်ဖို့ ရုန်းကန်နေ ရတာကြောင့် သြဂုတ်လ ၄ ရက်နေ့ကစတင်ကာ မြို့တော်မနီလာနဲ့အနီးပတ်ဝန်းကျင်မှာ သီတင်းနှစ်ပတ်ကြာ တင်းကြပ်တဲ့ lockdown ကို ချမှတ်သွားမှာဖြစ်တယ်လို့သြဂုတ်လ ၂ ရက်နေ့မှာ အာဏာပိုင်တွေက ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။